🏥 မင်္ဂလာပါ

Public Hospital ကျန်းမာရေး ဝန်ဆောင်မှုများကို ကြည့်ရှုရန်

🚀
🚑..မျက်စိ၊ အရိုး၊ စိတ်ကျန်းမာရေး၊ ဗဟိုအမျိုးသမီး၊ နား၊နှာခေါင်း၊လည်ပင်း၊ဦးခေါင်း ဆေးရုံများ ရန်ကုန် ✚
ဝယ်မည်

🏥မျက်စီအထူးကုဆေးရုံကြီး

လူသားအားလုံး ကျန်းမာဖို့ အစဉ်တစိုက် ကြိုးပမ်းစို့။

ပြည်သူ့ဆေးရုံတိုင်း စနေ ၊ တနင်္ဂနွေ ပြင်ပလူနာမကြည့်ပါ။ နံနက်ပိုင်း ၈:၃၀နာရီမှ ၁၂နာရီထိ ၊ မွန်းလွဲပိုင်း-၁နာရီမှ ၃နာရီ ထိလူနာကြည့်ပါသည်။

📅 ပြင်ပလူနာဌာန နေ့ရက်အချိန်းဇယား

ရောဂါအမျိုးအစား သတ်မှတ်ရက်
🩺အထွေထွေမျက်စိရောဂါ (ဖွင့်ရက် အားလုံး)
👁️ရေတိမ် ကြာသပတေးမှလွဲ၍ ဖွင့်ရက်အားလုံး
👁️ မျက်ကြည်လွှာ ဗုဒ္ဓဟူးမှလွဲ၍ ဖွင့်ရက်အားလုံး
ရေ တိမ်စမ်းသပ်ခြင်း သောကြာမှလွဲ၍ဖွင့်ရက်အားလုံး
👁️ မျက်စိအထူးစမ်းသပ်ခြင်း ကြာသပတေး၊ သောကြာ

👋 သတိ-လမ်းညွှန် 👋
မျက်စိ ဆေးရုံမှတ်တိုင် YBS ➡️ 8, 95, 134,များစီးနိုင်ပါသည်။

🏥ဗဟိုအမျိုးသမီးအထူးကု ဆေးရုံကြီး

လူသားအားလုံး ကျန်းမာဖို့ အစဉ်တစိုက် ကြိုးပမ်းစို့။

ပြည်သူ့ဆေးရုံတိုင်း စနေ ၊ တနင်္ဂနွေ ပြင်ပလူနာမကြည့်ပါ။ နံနက်ပိုင်း-၈နာရီမှ ၁၂နာရီထိ ၊ မွန်းလွဲပိုင်း-၁နာရီမှ ၃နာရီ ထိလူနာကြည့်ပါသည်။Eဆောင်ပြင်ပလူနာဌာန၌ ပြသရန်။

📅 ပြင်ပလူနာဌာန နေ့ရက်အချိန်းဇယား

ရောဂါအမျိုးအစား သတ်မှတ်ရက်
ကိုယ်ဝန်ဆောင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
သား၊သမီးလိုချင်သူများ တနင်္လာ၊ ကြာသပတေးနေ့များ မွန်းလွဲပိုင်း
မီးယပ်၊မီးယပ်ကင်ဆာ အင်္ဂါ၊ ကြာသပတေးနေ့များနံနက်ပိုင်း
သားအိမ်ခေါင်းကင်ဆာ အင်္ဂါ၊ ကြာသပတေးနေ့များ မွန်းလွဲပိုင်း
မွေးဖွားပြီးလူနာ ဗုဒ္ဓဟူး၊ သောကြာ နေ့များ မွန်းလွဲပိုင်း

👋 သတိ-လမ်းညွှန် 👋
အမျိုးသမီးဆေးရုံမှတ်တိုင် YBS ➡️ 59 စီးနိုင်ပါသည်။(သွေးအရေးပေါ်လိုအပ်ပါက ရွာမပရိယတ္တိစာသင်တိုက် ၊ ရွာမမှတ်တိုင် ၊ YBS➡️ 40, 142, 143 စီးပါ)

🏥အရိုးးအထူးကု ဆေးရုံကြီး

လူသားအားလုံး ကျန်းမာဖို့ အစဉ်တစိုက် ကြိုးပမ်းစို့။

ပြည်သူ့ဆေးရုံတိုင်း စနေ ၊ တနင်္ဂနွေ ပြင်ပလူနာမကြည့်ပါ။ နံနက်ပိုင်း-၈နာရီမှ ၁၂နာရီထိ ၊ မွန်းလွဲပိုင်း-၂နာရီမှ ၄နာရီ ထိလူနာကြည့်ပါသည်။

📅 ပြင်ပလူနာဌာန နေ့ရက်အချိန်းဇယား

ရောဂါအမျိုးအစား သတ်မှတ်ရက်
အရိုး၊ ကျောရိုး၊ အကြောအဆစ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
လက်ပိုင်းဆိုင်ရာရောဂါ အင်္ဂါ၊ ကြာသပတေး

👋 သတိ-လမ်းညွှန် 👋
ဟံသာဝတီ မှတ်တိုင်အနီး YBS ➡️ 11, 22, 41, 62, 75, 90, 94, 98,များစီးနိုင်ပါသည်။အနီးဆုံးဆင်မလိုက် မှတ်တိုင် YBS ➡️ 19, 20, 23A, 23B, 30, 40, 41, 55, 62, 75, 85, 6 များစီးနိုင်ပါသည်။ (သွေးအရေးပေါ်လိုအပ်ပါက ရွာမပရိယတ္တိစာသင်တိုက် ၊ ရွာမမှတ်တိုင် ၊ YBS➡️ 40, 142, 143 စီးပါ)

🏥 နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆေးရုံကြီး

လူသားအားလုံး ကျန်းမာဖို့ အစဉ်တစိုက် ကြိုးပမ်းစို့။

ပြည်သူ့ဆေးရုံတိုင်း စနေ ၊ တနင်္ဂနွေ ပြင်ပလူနာမကြည့်ပါ။ နံနက်ပိုင်း-၈နာရီမှ ၁၂နာရီထိ ၊ မွန်းလွဲပိုင်း-၁နာရီမှ ၃နာရီ ထိလူနာကြည့်ပါသည်။

📅 ပြင်ပလူနာဌာန နေ့ရက်အချိန်းဇယား

ရောဂါအမျိုးအစား သတ်မှတ်ရက်
နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်း၊ လည်ပင်း တနင်္လာမှ သောကြာ အထိ

👋 သတိ-လမ်းညွှန် 👋
ဗျိုင်းရေအိုးစင်မှတ်တိုင် YBS ➡️ 3A, 4A, 20, 65A, 65B, 80, 97, 129 စီးနိုင်ပါသည်။

🏥စိတ်ကျန်းမာရေး ဆေးရုံကြီး

လူသားအားလုံး ကျန်းမာဖို့ အစဉ်တစိုက် ကြိုးပမ်းစို့။

ပြည်သူ့ဆေးရုံတိုင်း စနေ ၊ တနင်္ဂနွေ ပြင်ပလူနာမကြည့်ပါ။ နံနက်ပိုင်း-၉နာရီမှ ၁၂နာရီထိ ၊ မွန်းလွဲပိုင်း-၁နာရီမှ ၄နာရီ ထိလူနာကြည့်ပါသည်။

📅 ပြင်ပလူနာဌာန နေ့ရက်အချိန်းဇယား

ရောဂါအမျိုးအစား သတ်မှတ်ရက်
စိတ်ပိုင်းဆိုင်ရာ ရောဂါအထွေ ထွေ တနင်္လာ မှ သောကြာထိ
အခြေစိုက်မြို့နယ် ☎️ ဆက်သွယ်ရမည့်ဖုန်း
ရွှေပြည်သာမြို့နယ် (ကယ်ဆယ်ရေးမီးသတ်ကားနှင့် လူနာတင်ယဉ်) 09 444 946 665, 09 4210 251 24
လှိုင်သာယာမြို့နယ်(ကယ်ဆယ်ရေးမီးသတ်ကားနှင့် လူနာတင်ယဉ်) 09 250 166 391 , 09 777 444 955, 09 448498612-(T Rescue ကယ်ဆယ်ရေးမီးသတ်ကား), 09 952 553 054
တောင်ဥက္ကလာပမြို့နယ် လူနာတင်ယဉ် 09 447 222 929, 09 447 222 727
သင်္ကန်းကျွန်းမြို့နယ် လူနာတင်ယဉ် 09 772 988 251, 09 686 165 321
ရန်ကုန်မြို့ထဲ(မြို့တွင်း) 09 503 5296, 09 430 231 47
အင်းစိန်(ရွာမ) 09 420 294 524, 09 423 678 881
တွံတေး မြို့နယ် လူနာတင်ယဉ်၊ ကယ်ဆယ်ရေးယဉ် 09 448 023 533, 09 31119537

👋 သတိ-လမ်းညွှန် 👋
စိတ်ကျန်းမာရေးဆေးရုံမှတ်တိုင် YBS ➡️ 27, 66 များစီးနိုင်ပါသည်။

⚠️ အရေးပေါ်ဌာန (ER)

အရေးပေါ်လူနာများအတွက် ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးနေပါသည်။

🆘 အရေးပေါ် ဖုန်းနံပါတ်များ

🏥နား၊နှခေါင်းလည်ပငး 09408451155 🚑 192 🚒 191 👮 ရဲစခန်း 199 Website သုံးသူ များသာ ဖုန်းတန်းခေါ်နိုင် ပါမည်။